အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌   စာဖတ်ဝိုင်းဆောင်ရွက်

အလုံ   အောက်တိုဘာလ   ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၉ နာရီက အလုံမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ  စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ကျောင်းသားလူငယ်များ၊ ပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်နှင့်  လူအများနှင့်ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက်ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးနောက်  စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ Book Club အဖွဲ့ဝင် စာရေးဆရာမောင်မောင်(လျှပ်စစ်)၊ အေး(ရန်ကုန်တက္ကသိုလ်)နှင့် တင်မောင်ဦး(အလုံ)တို့မှ  ပညာတန်ဆောင်မှ ထုတ်ဝေသည့် ဆရာကြီးဒေါက်တာသန်းဦး၏ မြတ်ဆရာပညာရေးစာစုများစာအုပ်ပါ ဆရာကြီးဒေါက်တာသန်းဦး၏ အတ္တုပ္ပတိ၊ ပညာရေးကဏ္ဍတိုးတက်းရေးအတွက် ဆောင်ရွက်ချက်များ၊ စာပေရေးသားမှုများ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကြီးမားမှုများအကြောင်းတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးအောင်စိုး(အောင်စိုး(အလုံ)က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား၊ လူငယ်များ လေးစားအတုယူဖွယ်ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ စာဖတ်ဝိုင်းသို့ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို(ပြန်/ဆက်)