တနိုင်း အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီက မူလတန်းလွန်-ဟူးကောင်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများစုပေါင်းကာ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် အပင်များရှင်းလင်းခြင်း စသည့် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)