သာကေတ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်(၁:၀၀)တွင် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည့် သာကေတမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာကြည့်တိုင်များ ကြီးကြပ်ရေးကော်မတီ(အတွင်းရေးမှူး)အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ” ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ပြဋ္ဌာန်းထားသည့် စာကြည့်တိုက် ဥပဒေပုဒ်မ(၆)အရဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် သာကေတမြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတွင် ဥက္ကဋ္ဌ(၁)ဦး၊ အဖွဲ့ဝင်(၁)ဦးတို့မှ ဆက်လက်တာဝန်ထမ်းဆောင်ရန် အခက်အခဲကြောင့်လစ်လပ်ခဲ့ရာ အစားထိုးဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယခင်ကမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတွင် ပါဝင်ဖွဲ့စည်းသည့် (က)မြို့နယ်စာကြည့်တိုက်ပညာရှင်(သို့) စာပေညာရှင်ဥက္ကဋ္ဌ(၁)ဦး၊ (ခ)ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အဖွဲ့ဝင်)(၁)ဦး၊ (ဂ)စာကြည့်တိုက်လုပ်ငန်းကိုလက်တွေ့လုပ်ကိုင်သူ(သို့) စိတ်ဝင်စားသူကိုယ်စားလှယ်(၂)ဦး၊ (ဃ)မြို့နယ်အတွင်းရှိစာရေးဆရာများမှ ကိုယ်စားလှယ်(အဖွဲ့ဝင်)(၁)ဦး၊ မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းကိုယ်စားလှယ်(အဖွဲ့ဝင်)(၁)ဦး၊ မြို့နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အတွင်းရေးမှူး)(၁)ဦးစုစုပေါင်း(၇)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ (က)သတ်မှတ်ချက်ဥက္ကဋ္ဌတာဝန်နေရာတွင် လစ်လပ်နေ၍ညွန်ကြားထားသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့်အဖွဲ့ဝင်များမှ(၁)ဦးအား ရွေးချယ်အဆိုပြုတင်ပြသွားမည်ဖြစ်ပြီး လစ်လပ်မည့်အဖွဲ့ဝင်(၂)ဦး၏နေရာအား ပြင်ဆင်ဖွဲ့စည်းရန်အတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအမည်စာရင်း စတင်အဆိုပြုတင်ပြစဉ်(က)သတ်မှတ်ချက်နှင့်(ဂ)သတ်မှတ်ချက်များ၊ (ဃ)သတ်မှတ်ချက်များအားဦးစားပေး၊ အရန်ခွဲခြားအဆိုပြုရန်ညွန်ကြားချက်အတိုင်း အရန်အမည်စာရင်း၌ပါရှိပြီး မြို့နယ်စာကြည့်တိုက်လုပ်ငန်းအား စိတ်အားထက်သန်ပံ့ပိုးကူညီဆောင်ရွက်လိုသည့်သူများဖြစ်၍ လစ်လပ်နေသည့်အဖွဲ့ဝင်(၂)ဦး၏နေရာ၌ ပြင်ဆင်ဖွဲ့စည်းရန် တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီသို့ အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း တက်ရောက်လာသည့်မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များနှင့် စာရေးဆရာအသင်းဝင်များမှ ဆွေးနွေးအကြံပြုရန်လိုအပ်ကြောင်း၊ လစ်လပ်နေသည့်ကော်မတီနေရာတွင် အဆိုပြုတင်သွင်းမည့်သူအား အဆိုပြုရွေးချယ်ရာ၌ တာဝန်နှင့်လူပုဂ္ဂိုလ်ခင်မင်မှုအား ခွဲခြားကာစာကြည့်တိုက်လုပ်ငန်းအား စိတ်ဝင်စား၍စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးရေး၌ စိတ်အားထက်သန်စွမ်းဆောင်နိုင်သူသာ အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း” အကျယ်တဝင့်ဆွေးနွေးခဲ့ရာ အစည်းအဝေးတက်ရောက်လာသည့် သာကေတမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များနှင့် မြို့နယ်စာရေးဆရာအသင်းဝင်များမှ ဆွေးနွေးချက်အား အဆိုပြုညှိနှိုင်းခဲ့ကြသည်။
သာကေတမြို့နယ်အတွင်းရှိ (၁၉)ရပ်ကွက်၌စံ(၅)ရပ်နှင့်အညီ ဖွင့်လှစ်သည့် ရပ်ကွက်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် (၁၅)တိုက်ရှိကာ ရန်ကုန်တိုင်းစာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေနှင့်အညီ စာကြည့်တိုက်မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်ရရှိပြီးသည့် စာကြည့်တိုက်(၁၆)တိုက်ရှိသော်လည်း မြေပြင်အခြေအနေအရ မီးဘေးကြောင့်ပျက်ဆီးဆုံးရှုံးသည့် စာကြည့်တိုက်(၁)တိုက်ရှိကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)