မိုင်းငေါ့ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ပါသည်။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲတွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကိုသိရှိနိုင်စေရန်နှင့် စာကြည့်တိုက်တွင် ပြည်သူများစာပေများကို လေ့လာဖတ်ရှု၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြပွဲတွင်ကျောင်းသား/သူလေးများမှ နံရံကပ်စာစောင်တွင်ပြသထားသော မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသောဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရရှိလာသေဆိုးကျိုးများ စသည့်အသိ ပညာပေးနံရံကပ်စာစောင်များကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများမှ စိတ်ပါဝင် စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)