ဟိုပုံး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာလင်္ကာရအသင်းမှ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဗုဒ္ဓပဏာမဂါထာဖြင့် အခမ်းအနား ဖွင့်လှစ်ပြီးနောက် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုရ်သံဃာ့ဝန်ဆောင် နာဂပုရသာ သနာလင်္ကာရ ဩဝါဒါစရိယ ဖြစ်တော်မူသော ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒထံမှ ဩကာသကန်တော့ချိုးဖြင့် ကန်တော့ပြီး ငါးပါးသီလခံယူ ဆောက်တည်၍ မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။ ထို့နောက် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုရ်သံဃာ့ဝန်ဆောင် နာဂပုရသာ သနာလင်္ကာရ ဩဝါဒါစရိယ ဖြစ်တော်မူသော ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ၊ အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ နိုင်ငံတော်သံဃ မဟာနာယက နာဂပုရသာသနာ လင်္ကာရ စရိယ တောင်ကြီးမြို့ မဟာဓမ္မိ ကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာ နန္ဒာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ ရှမ်းပြည်နယ် သံဃနာယကဥက္ကဋ္ဌ နာဂပုရသာသနာ လင်္ကာရနာယက တောင်ကြီးမြို့ သိမ်တော်ပရိယတ္တိ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးဘဒ္ဒန္တတေဇဝန္တနှင့် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဟိုပုံးမြို့နယ်သံဃနာယကဥက္ကဋ္ဌ နာဂပုရသာသနာလင်္ကာရဥက္ကဋ္ဌ ဟိုပုံးမြို့ တုံခမ်းပရိယတ္တိကျောင်း တိုက်ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တအာလောက တို့ထံမှ ဩဝါဒကထာများချီးမြှင့်တော်မူသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သာသနာတော်ဆိုင်ရာ လျှောက်ထားပြီးနောက် နာဂပုရသာသနာ လင်္ကာရအသင်းဥက္ကဋ္ဌ ဦးခွန်စံလွင်က စာပွဲတော်ကာလအတွင်း သံဃာတော်များအား ဆွမ်း အစရှိသော ပစ္စည်းများ၊ အလှူခံရန် ဖိတ်မံလျှောက်ထားသည်။ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အလှူရှင်များက နာဂပုရသာ သနာလင်္ကာရ သာမဏေကျော် စာမေးပွဲအတွက် အလှူတော်ငွေများပေးအပ်ရာ နာဂပုရသာသနာ လင်္ကာရအသင်း ဥက္ကဋ္ဌ ဦးခွန်စံလွင်က လက်ခံယူခဲ့သည်။ ဆက်လက်၍ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ၊ တောင်ကြီးမြို့ သိမ်တော်ပရိယတ္တိကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးဘဒ္ဒန္တတေဇဝန္တ၊ စရိယတောင်ကြီးမြို့ မဟာဓမ္မိ ကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာ နန္ဒာဘိဝံသ၊ ဟိုပုံးမြို့ တုံခမ်းပရိယတ္တိ ကျောင်း တိုက်ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တအာလောက၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် နာဂပုရသာသနာ လင်္ကာရအသင်းဥက္ကဋ္ဌ ဦးခွန်စံလွင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် နာဂပုရသာ သနာလင်္ကာရသာမဏေကျော် စာမေးပွဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာလင်္ကာရအသင်းအား (၂၀၂၁)ခုနှစ်တွင် စတင်ဖွဲ့စည်း၍ ပထမအကြိမ်အဖြစ် မြို့နယ်အဆင့်ကျင်းပခဲ့ပြီး အောက်တိုဘာလ (၂၄)ရက်နေ့တွင် ဒုတိယအကြိမ် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်စာမေးပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ( ၁၆၆၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါစာမေးပွဲကို အောက်တိုဘာလ (၂၄)ရက်နေ့မှ အောက်တိုဘာလ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)