ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကလေးလူငယ်ဘ၀ ကာယဉာဏဖွံ့ဖြိုးရေး ပြိုင်ပွဲများ ပြုလုပ်

ပုသိမ်ကြီး အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်(၉:၀၀) နာရီက ဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကလေးလူငယ်ဘ၀ ကာယဉာဏဖွံ့ဖြိုးရေး ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက ပြိုင်ပွဲ၏ စည်းကမ်းချက်များ၊ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရောင်စုံ စက္ကူဖြင့် အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံတူပန်းချီရေးဆွဲခြင်း၊ စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲများသို့ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ စာကြည့်တိုက်အသုံးပြုသူ စာဖတ်ပရိတ်သတ်များ၏ ကလေးသူငယ်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/သူများ ကလေးငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေးတို့ကို ရည်ရွယ်၍ လစဉ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)