ပုဗ္ဗသီရိ အောက်တိုဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက်၌ ၁၃၈၄ ခုနှစ်၊သီတင်းကျွတ်လကွယ်နေ့ပထမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၃)ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်သာသနာရေးမှူးဦးဆန်းထွန်းအောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ် ကာ ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ နေပြည် တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်မှ သာသနာဆိုင်ကိစ္စရပ်များ လျှောက်ထားပန်ကြားကာ ဆရာတော်ကြီးများထံမှ ဆုံးမဩဝါဒခံယူနာကြား၍ လှူဖွယ်ဝတ္ထုအသီးသီး ဆပ်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပထမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ပြီးမြောက်ကြောင်း ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များသည် နေရောင်ပြအင်းဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌရွှေလွှမ်းတောင် ဆရာ တော်ဘုရားထံသာသနာဆိုင်ရာကိစ္စရပ်များ လျှောက်ထားပန်ကြား၍ စေတီတော်မြတ်အား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြောင်းသိရသည်။
သားငယ်(ပုဗ္ဗသီရိ )