လဲချား အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကွန်ပျူတာ(အခြေခံ)သင်တန်းကို ယနေ့ နံနက် (၉)နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကွန်ပျူတာ (အခြေခံ)သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Golden Lotus)တို့ပူးပေါင်း၍ ကွန်ပျူ တာအခြေခံ စာစီ/စာရိုက်၊ရုံးစာ၊ဖိတ်စာ၊ အထွေထွေ သိမှတ်စရာများ၊ ဂရပ်ဖစ်ဒီဇိုင်း သင်ခန်းစာများကို နံနက်(၈)နာရီမှ ည (၇)နာရီ အချိန်ထိ တန်းခွဲများအလိုက် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်း/သူ (၄၅)ဦးခန့် တက်ရောက်သင်ကြားကာ သင်တန်းကာလမှာ (၁)လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
(လဲချား၊မြို့နယ်/ပြန်ဆက်)