ကျောက်မဲမြို့တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

ကျောက်မဲ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အထက(၁)၊ သီရိရတနာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျောက်မဲခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းသို့ ကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၂ ကျောင်းမှ ကျောင်းသား/သူ ၂၃၄ ဦး၊ ဆရာ/မ ၂၄ ဦး တက်ရောက်ခဲ့ပြီး၊မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဖြိုးပြည့်ကျော် ဦးဆောင်သည့်နည်းပြ ၁၀ ဦးတို့က ရှေးဦးသူနာ ပြုစုခြင်းဆိုင်ရာလူနာဆန်းစစ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုကုသနည်း အစရှိသည့် သင်ခန်းစာ ၁၈ ခုကို စာတွေ့လက်တွေ့ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း