သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ဝိုင်း ပြုလုပ်

သာစည် အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရသလမ်းဆုံစာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်၊ အလင်းချိုနှင့်ကဗျာဆရာငုပန်း(တောင်သာ)တို့က မိမိတို့ ခံစားရသောကဗျာများနှင့် ကိုယ်တိုင်ရေးသားထားသောကဗျာများကို  ရွတ်ဆိုမျှဝေကြပြီး စာရေးဆရာဝေးရင့်သီနှင့်မျိုးပိုင်တို့က  သုတရသ စာပေများနှင့်ပတ်သက်၍  ဆွေးနွေးသည်။  ဆက်လက်၍ တက်ရောက်လာသည့် စာပေဝါသနာ ရှင်နှစ်ဦးတို့က မိမိတို့ဝါသနာအရ သုတရသစာပေများ ရှာဖွေဖတ်ရှုဖြတ်သန်းခဲ့ ရခြင်းများကို ဆွေးနွေးပြီး ယခုလိုလစဉ်ပြုလုပ်ကာ စာပေ၊ကဗျာရေးသားနည်းများနှင့်အသိပညာ ဗဟုသုတများ မျှဝေပေးလျက်ရှိသောရသလမ်းဆုံ စာဖတ်ဝိုင်းကိုကျေးဇူးတင်ကြောင်းနှင့် လစဉ်တက်ရောက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။ ရသလမ်းဆုံစာဖတ်ဝိုင်းကို တစ်လလျှင်တစ်ကြိမ် ပြုလုပ်ဆွေးနွေးကြပြီး စာရေးဆရာများက စာပေရေးသားနည်းနှင့်ကဗျာရေးသားနည်းအတွေး အမြင်များ ကို တက်ရောက်လာသည့် စာပေဝါသနာရှင်များအား မျှဝေပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ    ရသလမ်းဆုံ  စာဖတ်ဝိုင်းသို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ  တက်ရောက်  ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)