တာချီလိတ် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လုံး Quarantine Centre ရှိ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား ယမန်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း(တာချီလိတ်မြို့)မှ တစ်ကိုယ်ရည်သုံး ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းပေးခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(တာချီလိတ်မြို့)၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်နှင့် မြိုနယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဉာဏ်မြင့်ဦးတို့ ဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝမ်လုံး Quarantine Centre သို့ အောက်တိုဘာ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်ကျား(၄၇)ဦး၊မ(၉)ဦး၊စုစုပေါင်း (၅၆) ဦးတို့အား တစ်ကိုယ်ရည်သုံးပစ္စည်းများကို လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြသည်။
ထို့နောက် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်က မိသားစုဖြင့်အဆက် အသွယ်ပြတ်နေသူများအား ကြက်ခြေနီတပ်ဖွဲ့မှအဆက်အသွယ်ရရှိအောင်ကူညီ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဉာဏ်မြင့်ဦးက ကြက်ခြေနီအကြောင်း သိကောင်း စရာများကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)