ပုသိမ်ကြီး အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးမှ တက်ရောက်လာသူများအား ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် စာဖတ်ပရိသတ်များကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် Book Club အဖွဲ့ဝင် မမျိုးငယ်နှင့် ဒေါ်ချောစုတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အမျိုးသမီးများအား မတရားခိုင်းစေခြင်းများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းများအပြင် လုပ်အားခများကို အမြတ်ထုတ်ခေါင်းပုံဖြတ်ခြင်းတို့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့၀င်များ စာကြည့်တိုက်အသုံးပြုသူစာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)