ကွတ်ခိုင်မြို့ အမှတ်(၆)ရပ်ကွက် IDP စခန်းတွင် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

ကွတ်ခိုင် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၆)ရက်ကွက် IDP စခန်းတွင် ယနေ့နံနက် (၉)နာရီအချိန်က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများကို ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ပြီး စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဌေးဌေး(ကွတ်ခိုင်)