မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပ

မိုင်းယောင်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဒေသဖွံ့ဖြိုးရေးအတွက် ယမန်နေ့ မွန်းလွဲ နာရီက မိုင်းယောင်းမြို့ နယ် အမှတ်()ရပ်ကွက်၌ ပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အမှာစကားပြောကြားပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေးစစ်ကြောင်းတွင် ပါဝင်သောသက်ဆိုင်ရာဌာနမှတာဝန်ရှိတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် မိမိတို့၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက ရပ်ရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

စိုင်းအောင်ဇော်လင်း