သန်လျင်မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

သန်လျင်  အောက်တိုဘာ  ၂၃

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပညာရေးမှူးရုံးက စီစဉ်ဖွင့်လှစ်သောကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ရေးနှင့် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ကျင်းပခဲ့သည်။

ဦးစွာ သန်လျင်မြို့နယ်ပညာရေးမှုး ဒေါ်မြင့်မြင့်အေးက သင်တန်းဖွင့်အမှာစကားပြောကြားသည်၊ အဆိုပါသင်တန်းတွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်သွက်လက်စေရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးတို့အတွက် အဆိုပါဆင့်ပွားသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ကိုယ်ပိုင်ကျောင်းများနှင့် ဘကကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)