ကျောက်ဖြူ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ (ကျောက်ဖြူ-မအီ) အဝေးပြေးကားလမ်းပေါ်ရှိ မြို့အဝင်စုပေါင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ခရီးသွား ပြည်သူများနှင့် ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများကို ပါးစပ်နှာခေါင်းစည်း(Mask) များဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း ဦးဆောင်၍ အဖွဲ့ဝင်များက ကျောက်ဖြူမြို့သို့ အနယ်နယ်အရပ်ရပ်မှ ပြေးဆွဲသော မော်တော်ယာဉ်လိုင်းများတွင် လိုက်ပါ လာကြသည့် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်လာရောက်ကြသူများနှင့် ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်ကြသူများအား ပါးစပ်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်ရှိပြီး မြို့နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများပြားလာသဖြင့် ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ပါးစပ်နှာခေါင်းစည်း(Mask) အခု ၁၅၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)