မုဒုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်( ၂၅ )နှစ်အောက် အမျိုးသမီး ဖူဆယ်ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို တစ်မျိုးသားလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ၊ အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်ကာ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ အသင်းငါးသင်းတို့က ယှဉ်ပြိုင် ခဲ့ကြသည်။ ဗိုလ်လုပွဲစဥ်တွင် ကျိုက်မရောအသင်းက မော်လမြိုင်အသင်းကို (၅)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ယု၊ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့က ဆုရရှိအသင်းများအား ဆုဖလားနှင့်တစ်ဦးချင်းစီ ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)