သိန္နီ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူ ရရှိနိုင်စေရေးအတွက် ကြော်ငြာများ ကပ်ထားပေးခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ (၆၀၀)ကျော်ရှိရာ လစဉ် ပျမ်းမျှအားဖြင့် ပင်စင်စား ဦးရေ(၅၀၀)ကျော်သာ လာရောက်ထုတ်ယူလျက်ရှိပြီး ကျန်ရှိသည့် (၁၀၀)ကျော်မှာ လစဉ် လာရောက်ထုတ်ယူခြင်းမျိုးမဟုတ်ပဲ နှစ်လတစ်ကြိမ်၊ သုံးလ တစ်ကြိမ် မှသာ လာရောက် ထုတ်ယူလျက်ရှိကြောင်း မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)