အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း  ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

အမ်း အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က  ပျဉ်းတောကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ​၊ မြိုနယ်ထွေ‌ထွေအုပ်‌ချုပ်ရေးဦးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပျဥ်းတောကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ စာရေးဝန်ထမ်း ပူးပေါင်းအဖွဲ့ဖြင့်  အခြေခံလူဦးရေစာရင်းအား မြေပြင်၌မှန်ကန်​စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ်(ပြန်/ဆက်)