တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက်အကြောင်း ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲ လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တံတားဦး  အောက်တိုဘာ ၂၁

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် သင်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာကြီး ဦးတင်စိုးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေ ဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ် စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသင့်ပါကြောင်း၊ ဒါ့အပြင် ကျောင်းသား /သူများ အဆင်ပြေစေရန်အတွက် သုတ၊ ရသစာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျလေ့လာမှတ်သားကြစေလိုကြာင်း ပြောကြားသည်။

ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ကျောင်း သား/သူများက လေ့လာဖတ်ရှုကြပြီး  နံရံကပ်ဓါတ်ပုံပြပွဲ စိတ်ဝင်တစား လေ့လာကြည့်ရှုအားပေးကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကိုအလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့် တိုက် စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများ အရောက်လိုက်လံ ငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့သို့လည် မည်သူမဆိုအခမဲ့ အသင်းဝင် ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။

ရဲတင့် ပြန်/ဆက်)