ဒလမြို့နယ် အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအနေဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်

ဒလ အောက်တိုဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းအနေဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများခင်းကျင်းပြသရန် ယနေ့နံနက် ၉:၃၀ နာရီအချိန်က အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာတွင် လူငယ်နှင့်စာပေဟုခေါ်ဆိုရာ၌ ပညာရေးဟာအဓိကဖြစ်ပြီး ပညာဟုဆိုရာမှာ ကျောင်းစာပေလေ့လာရုံသာမက ပြင်ပဗဟုသုတများရရှိစေရန်အတွက် သုတ၊ ရသစာအုပ်၊ စာပေများကို ဖတ်ရှုလေ့လာပြီး အသိပညာ၊ အတတ်ပညာ၊ အနုပညာအသက်မွေးဝမ်းကြောင်း ပညာ၊ ဆေးပညာ၊ ဥပဒေပညာ စီမံခန့်ခွဲမှုပညာစသော ပညာရပ်အမျိုးမျိုးမှ မိမိတို့ဝါသနာနှင့် ကိုက်ညီတဲ့ ပညာရပ်စာပေများကို  ရည်မှန်းချက်ထားပြီးကြိုးစား လေ့လာသင်နိုင်ရမည်။၊ စဉ်းစားမျှော်မြင်နိုင်စွမ်း မြင့်မားဖို့ အတွက် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့်အလေ့အထကို လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့ သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါး အန္တရာယ်ရှောင်ကျဉ်ရေး နံရံကပ်စာစောင်များ၊ ကိုဗစ် -၁၉ ရောဂါအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များခင်းကျင်း ပြသထားရာတွင် စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

သီတာဝင်း (ပြန်ဆက်)