တံတားဦး အောက်တိုဘာ ၂၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျင်းပကြောင်းသိရသည်။
လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူမှောင်ခို၊ လူကုန်ကူးမှုဆဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အား သုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်း စသည်တို့ပါဝင်ပါကြောင်း၊ ဒါ့အပြင် လွဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက် ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်း စသည်တို့လည်းပါဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊ လူကုန်ကူးမှု ပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လို ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုသုတများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာများ တိုးပွားကြွယ်ဝလာစေ၍ စဉ်းစားတွေးခေါ်မှု အသိ ဉာဏ်ပညာများ ပိုမိုရင့်သန်လာပြီး အသိအလိမ္မာတိုးပွားပြီး အားလပ်သည့်အချိန်အချိန်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ အချိန်မရွေးလာရောက်ပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့်ကျောင်းသား/သူများက ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကြသည်။
တံတားဦးမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/သူများအနေဖြင့် အသိပညာဗညာဗဟု သုတရရှိရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre )ခန်းမ၌ ဟောပြောပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများကို လစဉ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)