ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသံညစ်ညမ်းခြင်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၂၁

ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုဆုမြတ်တို့က အသံညစ်ညမ်းခြင်းဆိုင်ရာအကြောင်း ဆွေးနွေးခဲ့သည်။

အသံညစ်ညစ်ခြင်းအကြောင်းဆွေးနွေးရာတွင် အသံဟူသည် နားဖြင့်ကြားရသမျှကို အသံဟုခေါ် ကြောင်း၊ အသံအမျိုးမျိုးရှိကြောင်း၊ အသံကိုယူနစ် တမျိုးဖြင့် တိုင်းတာနိုင်ကြောင်း၊ လူတစ်ဦး၏ သာမန် စကားပြောသံသည် 60 dB ဝန်းကျင်ခန့်ရှိကြောင်း၊ 85dB ထက်ကျယ်သော အသံကို နေ့စဥ်နားထောင်ရပါက အကြားအာရုံကို ထိခိုက်စေပြီးနားမကြားသည်အထိ ဖြစ်စေနိုင်ကြောင်း၊ အသံညစ်ညမ်းမှုကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများဖြစ်စေနိုင်ကြောင်း၊ နှလုံးခုန်မြန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းများ ဖြစ်နိုင်သောကြောင့် လူမှုဆက်ဆံရေးတွင်များစွာထိခိုက်နိုင် ကြောင်းနှင့် အသံညစ်ညမ်းမှုကို ထိန်းချုပ်သင့်ကြောင်း ဆိတ်ငြိမ်သောပတ်ဝန်းကျင်ကောင်း တစ်ခုဖော်ဆောင်ရာတွင်လည်း အရေးပါသောကြောင့်စနစ်တကျ ထိန်းချုပ်လုပ်ကိုင်သင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ခရိုင်ပြန်/ဆက်(ပြင်ဦးလွင်)