မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မရမ်းကုန်း အောက်တိုဘာ ၂၁

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာကြည့်တိုက်ရှိစာအုပ်များအား ပြည်သူများသိရှိပြီး ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲတွင် စာကြည့်တိုက်ရှိကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သာသာအယူဝါဒ၊ သိပ္ပံဆိုင်ရာ၊ စာပေဆိုင်ရာအစရှိသည့်စာအုပ်များနှင့် ရသစာပေများကိုခင်းကျင်းပြသခဲ့ပြီး နံရံကပ်စာစောင်တွင် သဘာဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအကြောင်းအရာများကို ပြသထားရာ ပြည်သူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)