ပင်းတယမြို့၌ ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်

ပင်းတယ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF) သင်တန်းဆင်း အလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံးအဖွဲ့ရုံး အစည်းအဝေးခန်းမ ( ၁ )တွင် ကျင်းပသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်သူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှ ပြစ်မှုကျူးလွန်ခြင်းမရှိသော (PDF)သင်တန်းဆင်း အလင်းဝင်ရောက်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)