စဉ့်ကူး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးသောင်းစိန်နှင့် လက်ပန်လှအခြေအပြု အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်တို့ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၂၀ အိတ်၊ ဆီ(၁)ပိဿာ ၆၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၂၀ ၊ ကြက်ဥ (၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၃၀၀၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ ၃၆၀၀ ကျပ်နှုန်းဖြင့် ၁၄၀ ပိဿာ၊ အာလူး ၁ ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ၆၆ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ ၂၆၀၀ နှုန်းဖြင့် ၄၀ ပိဿာ တို့ကို လက်ပန်လှကျေးရွာနေ ပြည်သူ ၂၀၀၀ ဦးတို့ထံသို့ ရောင်းချပေး နိုင်ခဲ့ပြီး စဉ့်ကူးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆက်လက်ရောင်းချပေး သွားမည်ဖြစ ်ကြောင်း စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)