ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ သူကလေးများအား ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံအရှေ့ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မလစ်ကျေးရွာအုပ်စုရှိ အ.မ.က(၁၆)နှင့် အဝိုင်းကျေးရွာအ.မ.က(၁၇)မူလတန်းကျောင်းတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးကို အသက်(၅)နှစ်မှ(၉)နှစ်ထိ စုစုပေါင်း(၅၀)ဦးတို့အား ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ဆရာ/ဆရာမများက ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးကို မလစ်ကျေးရွာအုပ်စုရှိအ.မ.က(၁၆)မူလတန်းကျောင်းတွင်(၂၇)ဦးနှင့် အဝိုင်းကျေးရွာအ.မ.က(၁၇)(၂၃)ဦး စုစုပေါင်း(၅၀)ဦးတို့အား စနစ်တကျထိုးနှံပေးပြီးမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)