စဉ့်ကူးမြို့နယ်၊ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

စဉ့်ကူး   အောက်တိုဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊  ရုံးပင်ကုန်းကျေးရွာရှိ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး သောင်းစိန်၊ ပင်လယ်ကြီးအခြေပြု အမှတ် (၂) စစ်အခြေခံ လေ့ကျင့် ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်း၊ အတွင်းရေးမှူး ရဲမှူးဇော်နီချစ်နှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော် (၂) အိတ်၊ ဆီ (၁၀) ပိဿာ၊ ဆား (၅) ပိဿာ၊ ပဲနီပြား (၅) ပြည်၊ မုန့် (၅)ဖာ၊ စုစုပေါင်း (၄၇၃၀၀၀) ကျပ်တန်ဖိုးရှိ လှူဖွယ်ပစ္စည်းတို့ကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က တရားဒေသနာများချီးမြှင့်ဟောကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊  ရုံးပင်ကုန်းကျေးရွာရှိ သောတုဇနဘုန်းတော်ကြီး သင် ပညာရေးကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၂၅)ဦးတို့အား ဆရာ/ဆရာမ (၉)ဦးဖြင့် ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)