ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ်ဆောင်ရွက်

ကျောက်ဖြူ   အောက်တိုဘာ  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း (၃)ကျောင်း သို့သွားရောက်ပြီး  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ယာယီရဲမှူး သန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီများ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (အစိုးရ) ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်စေခြင်း အသိပညာပေးဟောပြောခဲ့ကာ နှာခေါင်းစည်း (Mask)အခု (၁၅၀၀)ကျော်ကို အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဝေငှပေးကာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအား အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက အပတ်စဉ် အလှည့်ကျ အသိပညာပေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)