မဘိမ်းမြို့၌ ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကျင်းပ  

မဘိမ်း  အောက်တိုဘာ ၂၁            

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးအပ် ချီးမြှင့်ခဲ့သည့် ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။  

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းမှ ရဲဗလတံဆိပ်နှင့်ဂုဏ် ပြုစာလွှာများ ချီးမြှင့်အပ်နှင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပေးအပ်ချီးမြှင့်ခဲ့သည့် ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့် အဖွဲ့ဝင်ဗိုလ်မှူးရဲထွဋ်လင်းတို့က မအူကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်(ကွယ်လွန်)နှင့် ငို့စင်ကျေးရွာအုပ်စု၊ စီဖွားကျေးရွာဆယ်အိမ်မှူး ဦးမြင့်ဦး (ကွယ်လွန်)တို့အား ပေးအပ်ချီးမြှင့်ခဲ့ရာ ၄င်းတို့၏မိသားစုဝင်များမှ လက်ခံရယူခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ရရှိခဲ့သူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)