ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင်   အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတွင် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များနှင့် ဒုတိယအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား အခက်အခဲမရှိစေရေးစနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိပေးထားကြောင်းသိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် Booster ၄၀ ဦး First Dose  နှင့် Second Dose ၃၀ ဦးအား ဆရာမြတ်သူဝင်းဦးဆောင်၍ သူနာပြုအဖွဲ့အများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အတိုင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)