ကျိုင်းတုံ အောက်တိုဘာ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၏ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအွန်လိုင်းသင်တန်းကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အောက်တိုဘာ ၂၁ ရက် နံနက်(၉)နာရီက စတင်၍ Video Conferencing စနစ်ဖြင့် ဆက်လက်ပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်း စတုတ္ထရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးအရာရှိ ဦးမောင်မောင်နိုင် က သတင်းရေးသားထုတ်ပြန်ခြင်း ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက ပြည်သူ့စာကြည့်တိုက်လုပ်ငန်းနှင့် Digital Library Management System(DLMS) အသုံးပြုနည်းကို လည်းကောင်း အသီးသီးပို့ချသင်ကြားပေးလျက်ရှိပြီး သင်တန်းသို့ ရှမ်းပြည်နယ်၊ အရှေ့ပိုင်းမှ ဝန်ထမ်းများ (၂၉) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျော်စိန်သန်း(ပြန်/ဆက်)