မဘိမ်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စား ၂၉၄ ဦးရှိပြီး ပင်စင်စားများအား အဆင်ပြေစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်း(ပြန်/ဆက်)