မိတ္ထီလာမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ရွေးစင် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းနှင့် မိတ္ထီလာလေတပ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းတို့ လက်ရည်စမ်းပွဲ ကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၂၁

မိတ္ထီလာမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ရွေးစင် အမျိုးသား/ အမျိုး သမီး ဘော်လီဘောအသင်းနှင့် မိတ္ထီလာလေတပ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းတို့ လက်ရည်စမ်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ စခန်းသွင်း လေ့ကျင့်နေသည့် ဝန်ကြီးဌာန လက်ရွေးစင် အမျိုးသားဘော်လီဘောအသင်း၊ အမျိုးသမီး ဘော်လီဘောအသင်းတို့နှင့် မိတ္ထီလာလေတပ် အမျိုးသားဘော်လီဘောအသင်း၊ အမျိုးသမီး ဘော်လီဘောအသင်းတို့ လက်ရည်စမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ဝန်ကြီးဌာနလက်ရွေးစင် အမျိုးသမီး ဘော်လီဘောအသင်းက မိတ္ထီလာလေတပ် အမျိုးသမီးဘော်လီဘောအသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနလက်ရွေးစင် အမျိုးသားဘော်လီဘောအသင်းက မိတ္ထီလာလေတပ် အမျိုးသားဘော်လီဘောအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘော်လီဘော လက်ရည်စမ်းပွဲ ယှဉ်ပြိုင်နေမှုကို  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)