မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “ပလတ်စတစ်လျော့ချရေး” အသိပညာပေးဆွေးနွေး

မိုင်းယန်း အောက်တိုဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ဟောကန်ရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက “ပလတ်စတစ်လျော့ချရေး” အသိပညာပေးဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့်တွင်းထွက်ပစ္စည်းများကို အခြေခံ၍ ထုတ်လုပ်ထားသည့် ပလတ်စတစ်နှင့် အသုံးအဆောင်ပစ္စည်းများကြောင့် လူသားတို့၏ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များဖြစ်စေခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ ဟော်မုန်းပျက်စီးခြင်း၊ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းခြင်းများနှင့် ကုန်းနေ၊ ရေနေသတ္တဝါများကိုလည်း အန္တရာယ်ပေးနိုင်သည့် ပလတ်စတစ်သုံးစွဲမှု ဆိုးကျိုးများကိုလည်းကောင်း၊ ဓာတ်ပုံ-၂  ဦးထွန်းထွန်းထူးမှ ပလတ်စတစ်လျော့ချသုံးစွဲခြင်းဖြင့် ရေနှင့်မြေဆီလွှာများ ပျက်ဆီးမှုကိုထိန်းသိမ်းနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်ခြင်း စသည့်ကောင်းကျိုး များရရှိနိုင်စေနိုင်သော အကြောင်းအရာများကို ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး