အလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

အလုံ      အောက်တိုဘာ    ၂၁

ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊  စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနယ်လှည့်ကွင်းဆင်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်ချိုက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများကိုသာမက စာအုပ်စာပေ၊ လူ့မိတ်ဆွေ"ဟူသော ဆောင်ပုဒ်အတိုင်း ဘာသာရပ်ပေါင်းစုံ၊ ရသပေါင်းစုံ စာအုပ်များကို ဖတ်ရှု၊ လေ့လာ၊ မှတ်သားကြရန်၊ စာဖတ်ခြင်းဖြင့်အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်‌ပြောပြခြင်း၊ ကွမ်း၊ ဆေးလိပ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)