ဒဂုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များလက်ဝယ်အရောက် ငှားရမ်းပေး

ဒဂုံ    အောက်တိုဘာ    ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်၊ စာစောင်များအား ကျောင်းများသို့ မိုဘိုင်းစနစ်ဖြင့် ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက်လိုက်လံငှားရမ်းပေးခြင်း Mobile Library ဖွင့်လှစ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများရရှိစေရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များစသည့် ရသစာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်း‌ပေးခဲ့ကြကြောင်း သိရသည်။ ထို့သို့ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်