ကျိုင်းတုံ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပန်လော့ကျေးရွာနေ၊ ဦး----သည် တောင်ယာသို့ သွားရောက်လုပ်ကိုင်စဉ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်၍ နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျိုင်းတုံခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၄၇၀၀၀၀) ခန့် ဆုံးရှုံးပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းက မီးပေါ့ဆအသုံးပြုသူအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)