မုဒုံ အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်လှုံကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကော်မတီဝင်များထံ ရန်ပုံငွေ ကျပ်သိန်း(၃၀၀)အား လွှဲအပ်ပေးခဲ့ပြီး ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀) ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁၁)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၃၀)ဦးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူတစ်ဦး စုစုပေါင်း (၆၆)ဦးတို့ကို ကိုဗစ် စည်းကမ်းချက်များနှင့်အညီ တာဝန်ရှိသူများက ထုတ်ချေးပေးခဲ့သည်။
မုဒုံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ချေးငွေ ထုတ်ချေးသည့် စီမံကိန်းလုပ်ငန်း သည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြားလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် အတွက် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)