မြစ်သား အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြစ်သားမြို့နယ် ရေဝန်းကျေးရွာ၊ ညောင်ကုန်းဘုန်းတော်ကြီးကျောင်း အေးချမ်းရာ ဓမ္မာရုံ အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာနအလိုက်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ရေဝန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမှ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျေးရွာစာသင်ကျောင်း အဆောက်အဦးအား ပြန်လည်ပြုပြင် ပေးစေလိုကြောင်း၊ ခြံစည်ရိုးအသစ ်ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ရေဝန်းကျေးရွာ အုပ်စုရဲရွာနေ ဦးဉာဏ်ထွန်းမှ ရွာလယ်လမ်းမှာ မိုးရာသီ လမ်းသွားရေးလာရေး ကောင်းမွန်မှု မရှိပါဖြင့် ကွန်ကရစ် လမ်းခင်းပေးနိုင်ကြောင်း အသီးသီးဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြစ်သားမြို့မရဲစခန်း (ဒုရဲမှူး) ဦးဇော်ဝမ်းမှ တရားဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးမှု မခံရစေရေး အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်လဝကဦးစီးမှူး ဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအနေနှင့် ကိုယ်တိုင်လာရောက် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ရှင်းလင်း ပြောကြားပြီး ဌာနမှထုတ်ဝေသည့် “မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်ချက်ဆိုင်ရာ” လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှ လိုအပ်သည်များကို ဖြည့်စွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး (မြစ်သား)