နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

နမ့်ဆန် အောက်တိုဘာလ ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်း(၃)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်ကို လာရောက်သော ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က အထိမ်းအမှတ်နေ့များတွင် ကလေးသူငယ်များ ဗဟုသုတရှိစေရန်ရည်ရွယ်၍ ပြပွဲ၊ ပြခန်းများကို ပြသပေးလျက်ရှိရာ ယနေ့ခင်းကျင်းပြသသည့် သုတ/ရသ စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)