မိုင်းဆတ်မြို့၊ သဗ္ဗေညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မိုင်းအန္တရာယ်အသိပညာပေးဆောင်ရွက်

မိုင်းဆတ် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်/မြို့နယ်ကြက်ခြေနီအသင်းမှ သဗ္ဗေညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသန်းဝေက အမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ခွဲမှူး ဦးစိုင်းထွန်းဦး က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူများ၊ မိုင်းကြောင့်မသန်စွမ်း ဖြစ်သူများကို ခြေတုအခမဲ့ ပြန်လည်တပ်ဆင်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသစရိတ်များကို ICRC နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခြင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးငြိမ်းက မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့သွားလာနေကျမဟုတ်သည့် အရပ်များသို့မသွားကြရန်၊ မသင်္ကာဖွယ်တွေ့ရှိရပါက သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားရန်နှင့် မိုင်းအန္တယ်ရာယ်အကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)