နမ့်ဆန် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက စာပေချစ်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် နေ့စဉ်စာကြည့်တိုက်တွင် လာရောက် ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်ကို ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများက လာရောက်အသုံးပြုကြပြီး သုတ/ရသ စာအုပ်များ ငှားရမ်းရာတွင်လည်း တစ်ဦးလျှင် (၃)အုပ်နှုန်း ငှားရမ်းပေးလျက်ရှိကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)