ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအုပ်စု၊ ဂူတာပြင်ကျေးရွာအုပ်စုများရှိ တိုက်ပွဲရှောင်မိသားစုမျာအား တပ်မတော်မှ စားနပ်ရိက္ခာဆန်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ  

ဘူးသီးတောင် အောက်တိုဘာလ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိသပိတ်တောင်ကျေးရွာအုပ်စု၊ ဂူတာပြင်ကျေးရွာအုပ်စုများရှိ တိုက်ပွဲရှောင်မိသားစုများအား တပ်မတော်မှ စားနပ်ရိက္ခာဆန်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီအချိန်ခန့်က ဘူးသီးတောင်မြို့ အမှတ်(၆) မြို့သစ်တောင်ရပ်ကွက်ရှိ အေးစေတီဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အေးစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒတ္တသောမ၊ ဘူးသီးတောင် တပ်နယ်မှုးဗိုလ်မှူးကြီး တင်မိုးအောင်နှင့်တပ်ရင်း/ တပ်ဖွဲ့မှုးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် အဖွဲ့၀င်များဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ ရပ်ဖများ တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဘူးသီးတောင်တပ်နယ်မှုး ဗိုလ်မှူးကြီးတင်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက စားနပ်ရိက္ခာဆန်များ ပေးအပ်ရာ ကျေးရွာသူ/ ကျေးရွာသားများ၏ (ကိုယ်စား) ကျေးရွာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး တက်ရောက်လာကြသူ စစ်ဘေးရှောင်ပြည်သူများမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။

ထိုနောက်ဘူးသီးတောင်တပ်နယ်မှုး ဗိုလ်မှူးကြီး တင်မိုးအောင်က တိုက်ပွဲရှောင်ပြည်သူများအား အမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ပြီးနောက် သက်ကြီးရွယ်အို အဖိုး/ အဘွားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။            

ကျေးရွာမှ အိမ်ထောင်စု (၇၆)စု၊ ကျောက်စာတိုင်(ရခိုင်) ကျေးရွာအိမ်ထောင်စု( ၆၄ )စု၊ ဂူတာပြင် (မွတ်ဆလင်)ကျေးရွာမှ အိမ်ထောင်စု(၂၇၀)စု၊ စုစုပေါင်းအိမ်ထောင်စု (၄၇၀)စု တို့အတွက် အိမ်ထောင်စု (၁)စုလျှင် စားနပ်ရိက္ခာဆန် (၁)အိတ်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၄၇၀)အိတ်တို့အတွက် ဆန်(၁)အိတ်လျှင် ကာလတန်ဖိုး (၅၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး (၂၃၅၀၀၀၀၀ိ/-) ကျပ်နှစ်ရာသုံးဆယ်ငါးသိန်းတန်ဖိုးအား ကျေးရွာအသီးသီးမှ တိုက်ပွဲရှောင်ပြည်သူများအား တပ်မတော်မှ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)