မိုင်းငေါ့ အောက်တိုဘာ ၂၁
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်နှင့်မြန်မာ့ရိုးရာဓလေ့ စကားပုံများသိရှိစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းကြောင့် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ဖတ်ရှုအသုံးပြုနေတဲ့ ကျောင်းသား၊ကျောင်းသူ လူငယ်လေးတွေကို အသိပညာဗဟုသုတတွေများစွာရှိစေရန်၊ စိတ်အေးချမ်းကြည်လင်တက်ကြွစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အလေ့အကျင့် ကောင်းတွေရရှိစေရန်၊ မြန်မာ့ရိုးရာစကားပုံလေးတွေကို သိရှိနိုင်စေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရသိ ရပါသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)