မိုင်းခတ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားထုတ်ဝေသည့် ရုပ်ပုံပြပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်များ၊ သုတပဒေသာစာစောင်များ၊ စာပေဗိမာန်ဆုရစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ လူကုန်ကူးမှု အန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်သည့် စာအုပ်များအားငှားရမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)