နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးအစုအဖွဲ့မှ အေလာ(အ.ထ.က) ကျောင်းသား၊ ကျောင်းသူ များအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေး

လယ်ဝေး အောက်တိုဘာ ၂၀

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီ က လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)တွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနနှင့် နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးအစုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားရာတွင် ပြည် ထောင်စုနယ်မြေအတွင်း နို့စားနွားမွေးမြူရေးအစုအဖွဲ့များ ဖွံ့စည်းကာ နွားနို့ပေါင်းစက်များ ကို နိုင်ငံတော်က ပံ့ပိုးပေးပြီးတော့ အခြေခံပညာကျောင်းသားကျောင်းသူတွေကို နွားနို့တိုက် ကျွေးသည့် အစီအစဉ်ဖြစ်ပါတယ်။ အရင်နှစ်ပေါင်းများစွာကတည်းကတော့ နွားနို့ဆိုတာ သောက်ခဲ့ကြတာပဲ၊ နွားနို့မှာ အာဟာရတန်ဖိုးများစွာပါဝင်တယ်၊ ကျန်းမာပြီးရောဂါဘယ ကင်းဝေးကာ ဉာဏ်ရည်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူလေးတွေ ဖြစ်လာစေဖို့၊ ခန္ဓာ ကိုယ်ကြီးထွားပြီး ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ဓာတ်တွေပါဝင်ကာ အရိုးနဲ့သွားတွေကို ခိုင်မာစေတဲ့ ဓာတ်တွေလည်းပါဝင်ပါတယ်။ နွားနို့သောက်ခြင်းအားဖြင့်လည်း ဆီချို၊ အဝလွန် ခြင်း၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာများဖြစ်ပွားမှုကို လျော့ချနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူလေးတွေအနေနဲ့ နွားနို့တစ်ခွက်နေ့စဉ်သောက်ခြင်းဖြင့် ကျန်မာသန်စွမ်းကာ ဉာဏ်ရည်ထက်မြက်တဲ့ အနာဂတ်ရဲ့သားကောင်းသမီးမွန်လေးများ ဖြစ် လာကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းလွင်က နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက် များနှင့် အခြေခံပညာကျောင်းများတွင် တိုက်ကျွေးနေသည့်ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားပြီး နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများက တေး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုဆုငွေများ ပေး အပ်ချီးမြှင့်သည်။ ထို့နောက် အေလာ(အ.ထ.က)မှ မူလတန်းကျောင်းသားကျောင်းသူ (၅၈၆)ဦးတို့အား နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)