ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ မူလတန်းအဆင့် ကျောင်သား/ ကျောင်းသူများ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ဆဒုံး အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိပြီး ကလေးငယ်များ စာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်ဥာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက ကလေးငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ နယ်ပယ် အသီးသီးတွင် ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ အရောင်စပ်နည်းများကို သိရှိစေရန် စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို စတင်ယှဥ်ပြိုင်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၁၈) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်၊၊

ထို့နောက် ပြိုင်ပွဲတွင် လာရောက်ယှဥ်ပြိုင်ကြသော ကျောင်းသား ကျောင်းသူများအား အကောင်းဆုံး ပါဝင်ယှဥ်ပြိုင်နိုင်သူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)