တောင်ဥက္ကလာပမြို့နယ်၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းဆင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ ပန်းချီအနုပညာများရင်းနှီးမှုရှိစေရန်၊ အရောင်များရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် မှန်ကန်သောအသိအမြင်ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များပူးပေါင်း၍ အမှတ်(၁၃)အ‌ခြေခံပညာမူလတန်း‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား‌၊‌ ကျောင်းသူများအား  ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး Book Club အဖွဲ့ဝင် စာရေးဆရာမမြမဥ္ဇူဝေ(ကျုံမငေး)မှပြိုင်ပွဲဝင်‌ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များ၊ ခဲတံများလက်ဆောင်ချီးမြှင့်ပေးကြောင်း သိရသည်။

အခမ်းအနားသို့ ဆရာ၊ ဆရာမများ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)