စဉ့်ကူး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ညောင်ဝန်းကျေးရွာတွင် ၂ လက်မ PVC (၅၀၀၀)ပေ ရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများ ပြီး စီးမှု၊ ရွှေပြည်ကျေးရွာတွင် အချင်း ၄ လက်မ အနက် ၃၀၀ ပေ စက်ရေတွင်း၊ ဂါလံ (၂၄၀၀) ဆံ့ စင်မြင့် ရေစင်နှင့် ၁၀' x ၈' x ၈' ပေ ရေစက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ မိုးကောင်းကြီးကျေးရွာတွင် အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ၊ အရှည် ၁ မိုင်ရှိ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုတို့ကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်၍ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်စိုး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး၊ ဦးစီးအရာ ရှိ ဒေါ်နော်အေးအေးထူးနှင့် အင်ဂျင်နီယာဝန်ထမ်းများ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီများအား တွေ့ဆုံကာ ခရိုင်ဦးစီးမှူးက ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာ အသုံးပြုရန်နှင့် ရေရှည်ထိန်းသိမ်းသွားရန်ဆွေးနွေးမှာကြားခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)